Doctor Search

Doctor Search

Princ Hospital Suvarnabhumi

About Hospital

About Princ Hospital Suvarnabhumi

ပရင့်သု၀ဏ္ဏဘူမိဆေးရုံကြီးသည် အထူးကုဌာနများစွာရှိကာ အိမ်ယာတိုက်ခန်းများ၊ ကွန်ဒိုများ၊ ရှော့ပင်းမောလ်များနှင့် နီးသော Bangna ဧရိယာတွင် တည်ရှိပြီး ၎င်းနေရာမှာလည်း ဘန်ကောက်မြို့လည်းခေါင် နှင့် Suvarnabhumi လေဆိပ်သစ်ကြီးကြားတွင် ရှိပါသည်။ လေဆိပ်မှ ဆေးရုံသို့ ကားဖြင့်လာလျှင်လည်း မိနစ် ၃၀ အတွင်းရောက်ရှိနိုင်ပါသည်။ ပရင့်သု၀ဏ္ဏဘူမိဆေးရုံကြီးတွင် ဆေးရုံအလွှာပေါင်း ၁၆ လွှာရှိပြီး ကုတင် ၂၀၀ ဆန့် ဆေးရုံကြီးဖြစ်ကာ ကားရပ်နားကွင်း၌လည်း ကားအစီးရေ ၃၆၀စီး ထိရပ်နားနိုင်ပါသည်။

 

လူနာများကုသပေးရာတွင်လည်း ကောင်းမွန် မြန်ဆန်ပြီး အဆင့်အတန်းမှီ နောက်ဆုံးပေါ်စက်ကိရိယာများသုံးကာ လူနာများ၏ လိုအပ်ချက်များ၊ ရောဂါများကို ကောင်းမွန်မှန်ကန်သောအဖြေများ၊ တိကျသော ကုသစောင့်ရှောက်မှုများဖြင့် ဖြည့်ဆည်းဆောင်ရွက် ကုသပေးနေပါသည်။ Princ Hospital Suvarnabhumi သည် ပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက်မှုများထဲတွင် ဦးဆောင်နေကာ Principal Healthcare Group ၏ ရှေ့ဆောင်လမ်းပြတခုဖြစ်ပါသည့်အပြင် အာဆီယံတဝန်းမှာလည်း စတင်နေရာရရှိနေသော ဆေးရုံကြီးလည်းဖြစ်ပါသည်။အထူးကုဆရာဝန်ကြီးများ၊ သူနာပြုဆရာ ဆရာမများနှင့် ဖော်ရွေကျွမ်းကျင်သောဆေးရုံဝန်ထမ်းများမှ အကောင်းဆုံးသောနည်းပညာ စက်ပစ္စည်းများဖြင့် လူနာများကို သာလွန်သောဝန်ဆောင်မှု ကုသစောင့်ရှောက်မှုများပေးနိုင်မည်ဟု ယုံကြည်ပါသည်။