Doctor Search

About Us

Princ Hospital Suvarnabhumi

ပရင့်သု၀ဏ္ဏဘူမိဆေးရုံကြီးသည် အထူးကုဌာနများစွာရှိကာ အိမ်ယာတိုက်ခန်းများ၊ ကွန်ဒိုများ၊ ရှော့ပင်းမောလ်များနှင့် နီးသော Bangna ဧရိယာတွင် တည်ရှိပြီး ၎င်းနေရာမှာလည်း ဘန်ကောက်မြို့လည်းခေါင် နှင့် Suvarnabhumi လေဆိပ်သစ်ကြီးကြားတွင် ရှိပါသည်။ လေဆိပ်မှ ဆေးရုံသို့ ကားဖြင့်လာလျှင်လည်း မိနစ် ၃၀ အတွင်းရောက်ရှိနိုင်ပါသည်။ ပရင့်သု၀ဏ္ဏဘူမိဆေးရုံကြီးတွင် ဆေးရုံအလွှာပေါင်း ၁၆ လွှာရှိပြီး ကုတင် ၂၀၀ ဆန့် ဆေးရုံကြီးဖြစ်ကာ ကားရပ်နားကွင်း၌လည်း ကားအစီးရေ ၃၆၀စီး ထိရပ်နားနိုင်ပါသည်။

ABOUT PRINC SUVARNABHUMI

လူနာများကုသပေးရာတွင်လည်း ကောင်းမွန် မြန်ဆန်ပြီး အဆင့်အတန်းမှီ နောက်ဆုံးပေါ်စက်ကိရိယာများသုံးကာ လူနာများ၏ လိုအပ်ချက်များ၊ ရောဂါများကို ကောင်းမွန်မှန်ကန်သောအဖြေများ၊ တိကျသော ကုသစောင့်ရှောက်မှုများဖြင့် ဖြည့်ဆည်းဆောင်ရွက် ကုသပေးနေပါသည်။ Princ Hospital Suvarnabhumi သည် ပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက်မှုများထဲတွင် ဦးဆောင်နေကာ Principal Healthcare Group ၏ ရှေ့ဆောင်လမ်းပြတခုဖြစ်ပါသည့်အပြင် အာဆီယံတဝန်းမှာလည်း စတင်နေရာရရှိနေသော ဆေးရုံကြီးလည်းဖြစ်ပါသည်။အထူးကုဆရာဝန်ကြီးများ၊ သူနာပြုဆရာ ဆရာမများနှင့် ဖော်ရွေကျွမ်းကျင်သောဆေးရုံဝန်ထမ်းများမှ အကောင်းဆုံးသောနည်းပညာ စက်ပစ္စည်းများဖြင့် လူနာများကို သာလွန်သောဝန်ဆောင်မှု ကုသစောင့်ရှောက်မှုများပေးနိုင်မည်ဟု ယုံကြည်ပါသည်။

FACILITY

၀န်ဆောင်မှုများ

အတွင်းလူနာဆောင်

ပရင့်ဆေးရုံကြီး၏ အတွင်းလူနာဆောင်များမှာ ဆေးရုံတက်နေစဥ်အတွင်းသက်တောင့်သက်သာစွာ အနားယူကုသနိုင်ရင်အဓိကထားဖွဲ့စည်းထားခြင်းဖြစ်ပါသည်။ တိတ်ဆိတ်သောပတ်၀န်းကျင်နှင့် ကိုယ်ပိုင်ခန်းသီးသန့်များဖြစ်ပါသည်။ အခန်းတွင်းဒီဇိုင်းများမှာလည်း ဆေးရုံတက်လူနာများနှင့် လိုက်လျောညီထွေဖြစ်အောင်ပြုပြင်ပြီး လေအေးပေးစက်များ၊ ပြင်ပအလင်းရောင်ဖြင့်အခန်းအတွင်း လင်းလင်းရှင်းရှင်းနှင့် သက်တောင့်သက်သာဖြစ်စေပြီး သဘာ၀ဆန်အောင်ဖန်တီးထားပါသည်။ ထို့အပြင် ကိုယ်ပိုင်သီးသန့်လေသာဆောင်များလည်းရှိပါသည်။ ထို့အတူ ဆေးရုံတက်လူနာတယောက်ချင်းစီကိုလည်း တတ်ကျွမ်းသော သူနာပြုဆရာမလေးများကလည်း ၂၄နာရီအချိန်ပြည့် ကာကွယ်စောင့်ရှောက်ပေးနေပါသည်။

Viber / Line / Whatsapp / Wechat :
+66 9 88 316 710
or leave message to us through email

Our Standard Award

GHA for Covid-19

HIMSS Analytics Emram stage 6

Hospital Contact

ပရင့်သု၀ဏ္ဏဘူမိဆေးရုံကြီးသို့လမ်းညွှန်ချက်
လိပ်စာ : 35/2 Moo 12 Bangna-Trad Rd., km.6
Bang Kaew Bang Phli, Samutprakarn 10540

For International Contact

Viber / Line / Whatsapp / Wechat :
+66 9 88 316 710